Social Icons

Pages

Wednesday, December 5, 2012

" တစ်ယောက်နှင့်အများ ဓားတစ်လက် ၀ိုင်းထွက်ပညာသမိုင်းအကျဉ်း "

မြန်မာတို့ ၏ အဋ္ဌရဿ ( ၁၈ ) ရပ်သော အတတ်ပညာ တို့သည် ရှေးမဆွကပင် ရှိနေနှင့် ပြီးဖြစ်ပါသည်။ ဗုဒ္ဓ မြတ်စွာဘုရားပွင့်တော်မူပြီးနောက်ဒီဘက် အစောဆုံးကာလကိုဖော်ပြရမည်ဆိုလျှင် ပုဂံအနော်ရထာမင်းမတိုင် မီကာလ ကို ဖော်ပြရပါမည်။ ပုဂံအနော်ရထာမင်းမတိုင်မီ ယခင် မင်းများ လက်ထက်တွင် ထေရ၀ါဒ ကျင့်သုံး သော အရည၀ါသီ ၇ဟန်းများ၊ လောကီကိစ္စကိုသာကျင့် သုံးသည့်ဂါမ၀ါသီ ပွဲကျောင်း အရည်းကြီိးရဟန်း များ ရှိနေနှင့်ပြီးဖြစ်သည်။
ထို ပွဲကျောင်း အရည်းကြီး များထံတွင် လောကီရေးရာ အတတ်ပညာများလိုလားကြကုန် သောလူများသည် ပွဲသမျှစည်ကားစွာဝင်ထွက်သွားလာသင်ယူကြသည်။ ထို့ကြောင့်ပင် "ပွဲကျောင်း"ဟုသမုတ် ခြင်းပင်ဖြစ်ပါသည်။ ထို ပွဲကျောင်းဘုန်းတော်ကြီးများ နှင့်အတူ ပွဲကျောင်းပညာ ၊ သိုင်း ၊ လက်ဝှေ့ ၊ လင်ပန်း ၊ နပမ်း စသည့်ပညာရပ်များသည် ယနေ့တိုင်အောင်ပင်အချို့သောအရပ်ဒေသများတွင် ရှိနေဆဲ ပင်ဖြစ်ပါသည်။ မြန်မာသက္ကရာဇ် ( ၁၂၄၇-ခု၊ခရာဇ်နှစ်-၁၈၈၅-ခုနှစ် ) မှစ၍ ကိုလိုနီ နယ်ချဲ့ ကုလားဖြူများအား တွန်းလှန်ရာမှ စစ်ကဲကြီးင၀ိုင်း ( ဦးဝိုင်း )ရသေ့ဘွဲ့ ဦးပဏ္ဍိရှမ်းတိုင်းရင်းသားအမည်ခံစပ်ခွန်ဝိုင်းမှတဆင့်မွန်ပြည်နယ်ဘီးလင်း ဒေသမှ သိုင်း ဆရာကြီး ဆရာမြိုင် ၊ ၎င်း ၏ သား များဖြစ်ကြသော ဆရာကြီး ဦးပွါး ( ခ ) ဦးပွ ၊ ဆရာအေး ၊ တပည့်များဖြစ်ကြသောဆရာကြီး ဦးနေ၀င်း ၊ ဆရာကြီး ဦိးရွှေဝင်း ၊ ဆရာဦးထွန်းမြင့် ၊ ဆရာဦးငွေဖေ စသည် တို့အားနန်းတွင်းနန်းစဉ်သုံးတစ်ယောက်နှင့်အများဓားတစ်လက်ဝိုင်းထွက်ပညာနှင့်လက်ရေးပညာ၊အလတ်ပိုင်း ( သို့ )အူပေါက်ပညာတို့ကို ဆင့်ပွါးသင်ကြား ပြန့်ပွါး စေခဲ့ပါသည် ။အဆိုပါနန်းစဉ်သုံး တစ်ယောက်နှင့် အများ ဓားတစ်လက် ၀ိုင်းထွက် ပညာ သည် ယနေ့တိုင် ရှင်သန် ပြန့်ပွါးဆဲပင်ဖြစ်ပါသည် ။ဤသည်မှာသမိုင်းအကျဉ်း မျှသာဖြစ်ပါသည်။ ။

No comments:

Post a Comment