ပွဲကျောင်း သိုင်းပညာရေးတဲ့အခါမှာ လူငယ်တွေ တော်တော်လေး
စိတ်ဝင်းစား မေးမြန်းကြတဲ့ အတွက် အားတတ်မိပါတယ်။ သို့သော်
ပွဲကျောင်းသိုင်းပညာဟာ အခြား မြန်မာ့သိုင်း၊ ကရာတေး၊ တိုက်ကွမ်ဒို၊
ဂျူဒိုအစရှိတဲ့ ကိုယ်ခံပညာတွေနဲ့ သင်ကြားပုံ နည်းစနစ်ခြင်း မတူတဲ့အတွက်
ပွဲကျောင်းသိုင်းပညာကို အမှန်တကယ် သင်ကြားလိုသူမှသာ သင်ကြားဖြစ်မယ့်
သိုင်းပညာပါ။ ဘာလို့လည်းဆိုတာကို ရှင်းပြပါ့မယ်။ ပွဲကျောင်းသိုင်းပညာမှာ
အခြေခံ အဆင့်အနေနဲ့ -
၁။ ကီ ထိုင်နည်း ၈ မျိုး
၂။ ကာရေး ၉ ပိုင်း
၃။ တိုက်နည်း ၆ မျိုး ကို အခြေခံ အဆင့်မှာ သင်ရပါတယ်။
၁။ ကီ ထိုင်နည်း ၈ မျိုး
(က) ကြိုးကြာရပ် ဘယ်/ညာ
(ခ) မြင်းထိုင် အလျား/ ဒေါင်လိုက်
(ဂ) ရှေ့ခြင်္သေ့ထိုင် ဘယ်/ညာ
(ဃ) နောက်ခြင်္သေ့ထိုင် ဘယ်/ညာ
ကီထိုင်နည်း
၈ မျိုးသင်တဲ့နေရာမှာ အခြားသိုင်းပညာနဲ့ မတူတဲ့အတွက် သင်တန်းသားတွေ ပြေး
ကြတာဖြစ်ပါတယ်။ ကီ ထိုင်နည်းအစဖြစ်တဲ့ ခြေထောက်တစ်ချောင်းထောက်
(ကြိုးကြာရပ်) ရပ်နည်းကို ၇ ရက်လောက် လေ့ကျင့်ရပါတယ်။ အခြားမည်သည့်
သိုင်းသင်တန်းမှ ကီထိုင်းနည်းကို ၁ လလောက် လေ့ကျင့်ခိုင်းခြင်း မရှိပါဘူး
ပွဲကျောင်းသိုင်းပညာမှာတော့ ၂ လလောက် ကီထိုင်းနည်း တစ်မျိုးထဲကို
သင်ရပါတယ်။ ဒီနေရာမှာတင် သင်တန်းသား တော်တော်များများ ပြေးကြတာပါပဲ။
ကရာတေး၊ မြန်မာ့သိုင်း အစရှိတဲ့ သင်တန်းတွေမှာ ၃ လလောက်ဆိုလျှင် အခြေခံ
တော်တော်လေး သင်ကြားနေရပြီ ဖြစ်ပေမယ့် ကျွန်တော်တို့
ပွဲကျောင်းသိုင်းသင်တန်းမှာတော့ ကီထိုင်းနည်းပဲရှိပါသေးတယ်။ အရင်ကဆိုလျှင်
ကီးထိုင်နည်း ၁ မျိုးကိုလျှင် ၂၁ ရက် ကျင့်ရပါတယ်။ ယနေ့ခေတ်မှာတော့
လူငယ်တွေဟာ တိုက်ခိုက်နည်းကို အမြန် တတ်ချင်ကြတဲ့အတွက် ၇ ရက်သို့
လျှော့ချခဲ့တာဖြစ်ပါတယ်။ ကီ ထိုင်းနည်း ၈ မျိုး တမျိုးကို ၇ ရက်နဲ့ ၅၆
ရက်လောက် ကီထိုင်နည်းနဲ့ အချိန်ကုန်ကြရပါတယ်။ ရက် ၅၀ လောက်မှာ
ကီထိုင်နည်းကို စစ်ပါတယ် ခြင်္သေ့ထိုင် ဆိုလျှင်လည်း ဘယ်အချိန်ထိုင်ထိုင်
ဘယ်ညာအကွာ အဝေး တူရပါတယ်။ မြင်းထိုင် ထိုင်ရင်လည်း အကွားအဝေးက တူရပါတယ်။
အဲလို တူအောင် စထိုင်ထဲက အကွာအဝေးကိုတိုင်းပြီး အသားသေအောင် ကျင့်ကြရပါတယ်။
အုတ်ခဲဖြင့် အကွာအဝေးညီချထားတဲ့အပေါ်မှာ ကီထိုင်နည်းကျင့်ရပါတယ်။
အဲဒီနေရာမှာ ပထမအဆင့် စမ်းသပ်တဲ့အနေနဲ့ ထိုင်းနေစဉ်မှာ ကီထိုင်သူကို လက်နဲ့
တွန်းပါတယ်။ အဲဒီနေရာမှာ အနောက်လန်သွားတာတို့ ပုံစံပျက်သွားတာတို့ဆိုလျှင်
နောက်တစ်ပါတ် အဲဒီ ကီထိုင်နည်းကို ဆက်ကျင့်ရပါတယ်။ ဒုတိယအဆင့်မှာတော့
ခြင်္သေ့ထိုင်ကနေ ကြိုးကြာရပ်နည်း၊ ကြိုးကြာရပ်နည်းကနေ
မြင်းထိုင်/ခြင်္သေ့ထိုင် အပြန်အလှန် ပြောင်းခိုင်းပါတယ်။ ပြောင်းတဲ့နေရာမှာ
ခြေထောက်ယိုင်းသွားတာတို့၊ ပုံစံပျက်သွားတာတို့ဆိုလျှင် ကီထိုင်နည်းက လျှင်
ရှေ့ဆက်မတက်တော့ပါဘူး။ ကီထိုင်နည်းတွေကိုပဲ ပြန်ရကြပါတယ်။ အဲလို
လေ့ကျင့်ရတဲ့အတွက် ပထမ ၁ လ ၂ လမှာ ကီထိုင်နည်းတွေနဲ့ပဲ ပြီးနေပါတယ်။
ကျွန်တော်တို့ ကီထိုင်နည်းတွေကြီးသင်နေရတြ့အချိန်မှာ
အခြားသိုင်းပညာသင်တန်းအဖွဲ့ တွေက သင်တန်းသားတွေက တော်တော်
လေးရောက်နေကြပါတယ်။ ကျွန်တော်တို့ သူငယ်ချင်းတွေ နွေရာသီ ကျောင်းပိတ်တော့
တစ်ယောက်တစ်မျိုး ကိုယ်စိတ်ဝင်စားတဲ့သင်တန်း ကိုယ်တက်ကြတဲ့
သူတွေညနေစုံတိုင်း ကိုယ့်သင်တန်း အတွေ့ အကြုံတွေ ပြောပြကြတဲ့အခါ
ကျွန်တော်ကတော့ ကီကနေ မတတ်သေးတော့ အမြဲအဟားခံရပါတယ်။ သူငယ်ချင်းတွေက
မင်းတို့ ပွဲကျောင်းသိုင်းသင်တန်းက ကီးထိုင်နည်းနဲ့ ၁ နှစ်ကုန်မယ်ထင်တယ်
လို့ စကြ နောက်ကြပါတယ်။ ကျွန်တော်က သင်တန်းရောက်တော့ ဆရာကြီးကို
အမြဲပြောပါတယ် ဆရာကြီး ကျွန်တော်တို့ သိုင်းအခြေခံတွေ ဘယ်တော့
သင်ရမှာလည်းလို့ မေးရင် ဆရာကြီးက " သူများကို တိုက်မယ့်သူက အခြေခိုင်ရတယ် "
အခြေမခိုင်မချင်း ရှေ့ဆက်သင်ရမှာမဟုတ်ဘူး လို့ အမြဲပြောပြပါတယ်။
ကီထိုင်နည်းတွေမှာ အထိုင်ကြတော့ ကာရေး ၉ ပိုင်းကို သင်ရပါတယ်။
ကာရေး ၉ ပိုင်း
၁။ ကျားပုတ်
၂။ ဒေါင်းမြီကာ
၃။ တွက်လက်ဖျံ
၎။ လက်ဖျံပြား
၅။ တွက်တံတား
၆။ လက်ဖျံကာ
၇။ လက်ရုံ
၈။ တွက်ဒူး
၉။ ဖြတ်ဖနောင့် ၉ ပိုင်းကို သင်ရပါတယ်။
၁။ ကျားပုတ်
ကျားပုတ်ကို
တော်တော်များများ ကွန်ဖူးသမားတွေ သိကြပါတယ်။ ထိုးတဲ့လက်ကို လက်ဝါးနဲ့
ပုတ်တာကို ကျားပုတ်လို့ ခေါ်ပါတယ်။ ပွဲကျောင်းမှာတော့ ကျားပုတ် ၃ မျိုး
သင်ရပါတယ်။ ပထမ အဆင့်မှာ ထိုးတဲ့ လက်ကို လက်ဝါးနဲ့ ပုတ်ပါတယ်။ အပေါ်ကနေ
အောက်ကို ပုတ်ချတဲ့ ပုံစံမျိုးမဟုတ်ပါဘူး။ ပွကျြောင်းသိုင်ပညာရဲ့ 
အသင့်ပြင်နည်းက မြင်းထိုင်ထိုင်ပြီး လက်သီဆုပ် ၂ ဖက်ဟာ မိမိရဲ့  ရင်ဝရှေ့  ၁
ထွာအကွာပုံစံဖြင့်တည်ပါတယ်။ ထိုပုံစံဖြင့် ထိုးတဲ့ လက်သီးကို မိမိ ရင်ဝရှေ
့ လက်တထွာအကွာကနေ ညာ/ဘယ်လက်ဖ၀ါးဖြင့် လက်တဲ့ လက်ကို ပုတ် ထုတ်လိုက်တာပါ။
ပုတ်ထုတ်လိုက်စဉ်မှာ လက်အကွာအဝေးက ရင်ညွန့်နဲ့ တတောင်အကွာပဲ ရှိရပါတယ်။
ပုတ်ထုတ်တဲ့လက်ရဲ့  အဆုံးဟာ မိမိလက်မောင်းရဲ့  ၉၀ံ မှာရှိရပါတယ်။
ပုခုံးစွန်ကို ကျော်ပြီး ပုတ်ထုတ်ခြင်း လုံးဝ မပြုရသလို လက်ဟာ ၄၅ံ
အကွေးနဲ့ပဲ ပုတ်ထုတ်ခြင်းဖြစ်ရ ပါမယ်။ ဘယ်လို့လည်းဆိုတော့ ၉၀ံ လက်ဆန့်
ပုတ်ထုတ်လိုက်လျှင် ခြေကန်ချက်မြန်တဲ့ လူက လက်ကို ခြေထောက်ဖြင့်
ကန်ချိုးနိုင်ပါတယ်။ ၄၅ံ အကွေးဖြင့် ပုတ်ထုတ်သည့်အတွက် တံတောင်ဆစ်ကို
ခြေဖြင့်ကန်ချိုးလို့ မရပါဘူး။ ဒုတိယ အဆင့်မှာတော့ လက်သီးကို လက်ဆစ်နဲ့
ပုတ်ရတယ်။ (လက်ချောင်းတွေကို ကွေးကာ လက်သီးဆုပ်တဲ့ ပုံစံမျိုး လက်ခုတ်ပုံ)
ထိုးတဲ့ လက်ရဲ့  လက်ခုံကို ခုတ်ချတာပါ။ တတိယအဆင့်မှာတော့ လက်သီနဲ့
လက်ကောက်ဝတ် အဆစ်ကို လက်ဖ၀ါးနဲ့ တွန်းပြီး အဆစ်ဖြုတ်တာပါ။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment