မြန်မာ့ရိုးရာ သိုင်းပညာ၏ အခြေခံသည် စိတ်ဓါတ်ကို
လေ့ကျင့်ခြင်း၊ ရုပ်ပိုင်းဆိုင်ရာ လေ့ကျင့်ခြင်း ၂ ခုလုံးကို အခြေခံသည်။
စိတ်ပိုင်းဆိုင်ရာလေ့ကျင့်ခြင်း အခြေခံကို စတင် ရေးသားပါ့မည်။
စိတ်ပိုင်းဆိုင်ရာ လေ့ကျင့်မှု မရှိလျှင် သမာဓိမရှိနိုင်ပါ၊ သမာဓိမရှိလျှင်
မိမိ၏ အပြုအမူ၊ လှုပ်ရှားမှု၊ သိုင်းပညာအသုံးချမှုတို့သည် အမျိုးဘာသာ၊
သာသနာအတွက် မဟုတ်ဘဲ မိမိကိုယ်ကျိုးအတွက် အသုံးချသွားနိုင်ပါသည်။
သိုင်းပညာဖြင့် ကြီးနိုင်ငယ်ညှင်း ပြုလုပ်ခြင်း၊ မိမိလူမျိုးကို ပြန်၍
ဒုက္ခပေးခြင်းတို့သည် စိတ်ပိုင်းဆိုင်ရာလေ့ကျင့်မှု အားနည်း သောကြောင့်
ဖြစ်လေသည်။ ထို့အတွက်ကြောင့် စိတ်ပိုင်းဆိုင်ရာကျင့်စဉ်(သမာဓိကျင့်စဉ်) ကို
စတင်ရေးသားရခြင်းဖြစ်သည်။
ပတမအစ ကျင့်စဉ်
သိုင်းကျင့်မည့်သူသည်
သမာဓိရရန်အတွက် တင်ပလင်ခွေထိုင်ကာ မိမိ၏ အရှေ့  တည့်တည့် ၃ တောင့် ၁ ထွာ
(မိမိ၏ လက်တိုင်း) အကွာတွင် ဖယောင်တိုင် တစ်တိုင်ထွန်း၍ ထို
ဖယောင်တိုင်မီးကိုကြည့်ကာ သမာဓိရရန်အတွက် မိမိ၏ စိတ်ထဲတွင် မီး ... မီး ...
ဟု မှတ်ရပါမည်။ အဘယ်ကြောင့် ထိုသို့ လေ့ကျင့်ရသနည်းဆိုသည်ကာ မိမိ၏
ရန်သူသည် မိမိနှင့် ၃ ထောင့် ၁ ထွာ အကွာအဝေးအတွင်း ၀င်ရောက်လာမှသာ
တိုက်ခိုက်နိုင်မည် ဖြစ်သဖြင့် ထို ၃ တောင့် ၁ ထွာအကွားအဝေးကို မျက်စိထည်း
စွဲနေစေ ရန် ဖြစ်သည်။ ထိုအကွားအဝေးအတွင်း ၀င်လာသည့် မည်သည့် အန္တရယ်ကိုမဆို
မိမိ ရှောင်တိမ်း တိုက်ခိုက်နိုင်မည်ဖြစ်သည်။ ထိုသို့ တရားထိုင်ရာတွင်
မျက်နှာမူရာ အရပ်သည် အရှေ့ အရပ်နှင့် မြောက်အရပ်သာ ဖြစ်ရပါမည်။
မှတ်ပုံမှတ်နည်း
ထို
ဖယောင်းတိုင် မီးကိုကြည့်ကာ လေကိုရှုသွင်းစဉ် မီး (အရဟံ) ဟု မှတ်ကာ လေပြန်
ထုတ်စဉ်တွင် မီး (ဗုဒ္ဓေါ) ဟု မှတ်ရပါမည်။ ကွင်းထည်းကအတိုင်း
ဗုဒ္ဓနုဿတိဖြင့်လည်း ကျင့်ရမည် ဖြစ်သည်။ ဗုဒ္ဓမြတ်စွာဘုရား၏ အဆုံးအမကို
မလိုက်နာ၊ မကျင့်ဆောင်နိုင်ပါ က လမ်းမှားကို ရောက်သွားနိုင်ပါသည်။
ထို့အတွက်ကြောင့် ဗုဒ္ဓနုဿတိ ကမ္မဌာန်းဖြင့် တွဲကာ
မှတ်သားလေ့ကျင့်စေခြင်းဖြစ်သည်။
လေရှူသွင်းပုံ
မနက်ပိုင်းလေကို
ရှူရာတွင် ဖြေးညှင်းစွာ ရှူသွင်း၍ ဖြေးညှင်းစွာပြန်ထုတ်ရမည်ဖြစ်သည်။
ညနေပိုင်း လေ့ကျင့်ရာတွင် လေကို အမြန်ရှူကာ အမြန်ထုတ်ရမည်ဖြစ်သည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment