သိုင်းပညာ သည်မြန်မာတိုင်း လေးစားမြတ်နှိုး အားထားကြသော ရတနာ တစ်ပါးဆိုလျှင်မှားမည်ကားမဟုတ်
ပေ။တိုင်းတစ်ပါသားတို့ ကျူးကျော်မှု ၊တိုက်ခိုက်မှုကို ခုခံကာကွယ်ခြင်း ၊ နယ်မြေ တိုးချဲ့ရေး အတွက် နိုင်ငံ
တော်အုပ်ချုပ်သူ တို့ အသုံးချကြသည် ၊ တန်ဘိုးထားကြသည်။ ဗန္တို ၊ ဗန်ရျှည် ၊လက်ဝှေ့၊ လက်ပန်း ၊ နပန်း
(နဗန်း)စသည် ပေါင်းစပ်သိုင်းခြုံထားသည်ဖြစ်၍ ( သိုင်း ) ဟု ရှေးဆရာ များ အဆိုအမိန့် ရှိခဲ့ကြသည်ကိုနာ
ယူ မှတ်သားမိခဲ့ပါသည်။
ဗန်တို ဆိုသည်မှာ လက်နက်မသုံး လက်ချည်းသက်သက် ကာကွယ် ခုခံ တိုက်ခိုက်
သော အတတ်ပညာဟုဆိုလိုပါသည်။ ဗန်ရှည် ဆိုသည်မှာဒုတ် ၊ဓား ၊ လှံ စသည့် လက်နက်များ ကို အသုံးချ
လျှက် ခုခံ ၊ ကာကွယ် ၊ တုံ့ပြန် တိုက်ခိုက် ရသဖြင့် ဗန်ရှည် အတတ်ပညာ ဟုဆိုလိုပါသည် ။ လက်ဝှေ့ ဆို
သည်မှာလည်း ခုခံ ၊ ပုတ် ၊ ပယ် ကာကွယ် ၊ တုံ့ပြန်တိုက်ခိုက် ၊ ဘတပြန် ကျားတပြန် သတ်ပုတ် သော နည်း
ပညာ ဟုဆိုလိုပါသည် ။ လက်ပမ်း ဟူသည်မှာလည်းတစ်ဦးနှင့်တစ်ဦးအားချင်းယှဉ်ပြိုင်လုံးရ ၊ သတ်ရ သော
နည်းစနစ်နိဿျည်း တစ်ရပ် ပင်ဖြစ်ပါသည်။ နပန်းပညာ သည် တစ်ဦးနှင့်တစ်ဦး လုံးထွေး သတ်ပုတ် ရသော
နည်းဖြစ်သည် ။ သိုင်း ၏ဝေါဟာရနှင့် သဘောသဘာဝ ကို ဥာဏ်မီသလေက် ၊ ကြားဘူး နားဝ ရှိသလောက်
သုတ အဖြစ် ရေးသား ရမည်ဆိုလျှင် သဘာဝ ဟူသည် မည်သူ ၏ ပယောဂ မပါ သူ ၏ သဘောအတိုင်း ဖြစ်
မှု ပျက်မှုပေါ်ပေါက်လာခြင်းသာဖြစ်သည်။( ဥပမာ )လိပ်သတ္တ၀ါသည် သောင်ပြင် မှာသဲများဖြင့်ဖုံးအုပ် ထား
သော ဥ ထဲမှ အချိန်တန်၍ပေါက်ထွက်လာပြီးနောက် ရေ ရှိရာသို့တွားသွားခဲ့သည် ။ အစားအစာ ကို သူ့သ
ဘောအတိုင်း သူ့ ဘာသာ သူ ရှာဖွေ စားသောက် လာသည် ။ အန္တရာယ်ကင်း လွတ်ရာကိုရှောင်ရှား သွား
လာတတ် ကြသည် ။ ထိုသတ္တ၀ါကလေး ကို ထိမ်းကြောင်းပေးသူ ဘယ်မှာ ရှိသနည်း။ သူ့ သဘော သဘာဝ
အတိုင်းသာ ရှင်သန် ကြီးထွားလာရသည်ပင် ။ သိတတ်ခါစ ကလေးငယ်လေးသည် သူစိမ်း ၊ သူကျက် လူကြီး
တစ်ဦးတစ်ယောက်ကချိမ်းချောက် ဖမ်းဆီး ရိုက်မောင်း ပုတ်မောင်းပြုလာသည့်အခါ ငုံ့လျှို ရှောင်တိမ်းလွတ်
ရာ သို့ ပြေးသွားခြင်း၊ ခုခံတားဆီးတတ်သည်။ ထိုသို့ပြုမူရမည်ကို မည်သူကမျှ သင်ကြား ပေးသည် မဟုတ်
ပေ ၊ သဘာဝ ကဖန်တီး ပေးခြင်း ကြောင့်သာ ဖြစ်သည် ။ အသက်အရွယ် ကြီးလာ အတွေ့အကြုံ များလာ
ဖန်တီးတတ်လာသောအခါ ဖြစ်ရပ်အစုံကို စနစ်တကျစုစည်းအသုံးပြုလာကြသည်။
*****************************************************************************
Subscribe to:
Post Comments (Atom)
No comments:
Post a Comment