Social Icons

Pages

Saturday, December 1, 2012

ဓားရေး ၃၇ ချင်း

မြန်မာမင်းများလက်ထက် ပြာသိုလ မြင်းခင်းသဘင်ပွဲတွင် ယှဉ်ပြိုင်ရသော ဓါးပြိုင်ပွဲများ တွင် ဓါးရေး ၃၇ ချင်းဖြင့် အစွမ်းပြခဲ့ကြသည်။ ထိုဓါးရေး ၃၇ ချင်းကို နောင်လာ နောင်သားများသိရှိစေရန် ဖေါ်ပြလိုက်ရပါသည်။ စာဆို န၀ဒေး၏ လူးတားမှ -
၁။ဓားချီ
၂။ ဓားခင်း
၃။ မျက်နှာကာ
၎။ ဓားလှ
၅။ ဓားလျှိုး
၆။ မှောက်ထိုးရပ်
၇။ ရင်ခွဲ,
၈။အသားလှန်
၉။ ဓားခုတ်
၁၀။ ဇင်ယော်သုတ်
၁၁။ တဖက်ထိုး
၁၂။ ရှေ့လှည်း
၁၃။ နောက်လှည်း
၁၄။ ရွှေနှုတ်မြွက်ယာလှ
၁၅။ ရွှေနှုတ်မြွက်ဝဲလှ
၁၆။ စွန်သုတ်,
၁၇။ ပါးကပ်
၁၈။ ပန်းကုံးဖြတ်
၁၉။ ဓားလွှင့်
၂၀။ ပန်းကုံးသီ၊
၂၁။ ဆက်ရက်ခုန်
၂၂။ မီးတိုင်ပြ
၂၃။ ပိုးချည်လွှား
၂၄။ သက်တင်ရေသောက်
၂၅။ ရွှေဘယက် လည်လျောက်
၂၆။ ဒေါင်းမြီးကာ
၂၇။ ကျားမြီးဆွဲ
၂၈။ ဓားရွက်
၂၉။ လက်ကောက်ဝတ်
၃၀။ မောင်းကပ်
၃၁။ ရွှေနှုတ်လည်လျောက်
၃၂။ နောက်လည်လျောက်
၃၃။ ဓားသွဲ့,
၃၄။ ဓားပြ
၃၅။ တဖက်နှုတ်
၃၆။ နှစ်ဖက်နှုတ်
၃၇။ နောက်လှည့်။ တို့ ဖြစ်ပါသည်။

No comments:

Post a Comment